မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်၊ ညပိုင်းက အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦးအား သနပ်ခါးတုံးဖြင့် လူသတ်၍ ပစ္စည်းများ လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
အမရပူရနယ်မြို့နယ်၊ ဝက်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်၊ ည ၈ နာရီခန့်က အသက် ၆၀ အရွယ်ခန့် အမျိုးသမီးတစ်ဦးအား နေအိမ်တွင် တစ်ဦးတည်းရှိနေခိုက် ဝင်ရောက်လုယက်ကာ သနပ်ခါးတုံးဖြင့် ထုနှက်သတ်ဖြတ်ပြီး ပစ္စည်းများ လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းည ၈ နာရီခန့်တွင် သတိလစ်လူနာတစ်ဦးအား အရေးပေါ် ဆေးရုံပို့ပေးရန် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း) ထံသို့ ဖုန်းဆက်အကူအညီတောင်းခံလာချက်အရ အရေးပေါ် လူနာတင်ယာဉ်အဖွဲ့ ဖြင့် ချက်ချင်းထွက်ခွါခဲ့ရာ အခင်းဖြစ်နေရာတွင် အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦး သွေးအိုင်အတွင်း လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း) က ထုတ်ပြန်ထားသည်။
.
အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း) မှ လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
[ Photo - မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း) ]
.