ဆီဆိုင်-တောင်ကြီးလမ်းပိုင်းတွင် ကုန်တင်ယာဉ် ဓားပြတိုက်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆီဆိုင်-တောင်ကြီးလမ်းပိုင်းတွင် ကုန်တင်ယာဉ် ဓားပြတိုက်ခံရ

ဆီဆိုင် - တောင်ကြီးသွားလမ်း၊ အနောက်ကက္ကူလမ်းဘက် ဆီဆိုင်မြို့နယ်၊ ပင်စုံရွာအနီး၌ ဒီဇင်ဘာလ ၁၅ ရက်က ကုန်တင်ယာဥ် တစ်စီး ဓားပြတိုက် ခံခဲ့ရကြောင်း သိရသည်။

.


ဆီဆိုင်မြို့နေ ဦးအောင်မြင့် နှင့် ဇနီး ဖြစ်သူတို့သည် တောင်ကြီးသို့ မော်တော်ယာဉ်ဖြင့် ကုန်ပို့ပြီး ‌အပြန် ပင်စုံရွာအနီးသို့ အရောက်တွင် လူ ၂ ယောက်၏ ဓားဖြင့် ထောက်ပြီး ဓါးပြတိုက်မှုကို ခံခဲ့ရခြင်း ဖြစ်သည်။

.

အဆိုပါ ဓါးပြတိုက်ခံရမှုကြောင့် ငွေကျပ် ၂၂ သိန်း၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် မော်တော်ယာဉ် လိုင်စင်တို့ ပါ သွားကြောင်း သိရသည်။

.

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကက္ကူနှင့် ပင်စုံရွာ ကြား၌ လူငယ်တစ်‌ဦး ဓါးပြ တိုက်ခံရသဖြင့် ဆိုင်ကယ် ပါ သွားကြောင်း သိရသည်။

Journal Download

Photo of three cats