.
အာဏာသိမ်းစစ်ကောင်စီလက်ဝေခံ
ကျောင်းအူပ်ချုပ်ရေးအဖွဲ့မှ ပေးအပ်သည့် ဘွဲ့လက်မှတ်များ၊ ထောက်ခံချက် များ၏ တရားဝင်မှု
ကို ပယ်ဖျက်ကြောင်း တောင်ကြီးတက္ကသိုလ် ကြားကလတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီက ယမန်နေ့
ဒီဇင်ဘာလ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.တောင်ကြီးတက္ကသိုလ်
ကြားကာလတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ အနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ လက်ဝေခံ ကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ
ပေးအပ်မည့် ဘွဲ့လက်မှတ်၊ ထောက်ခံချက်များသည် တရားမဝင်မဟုတ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလ
၂၁ ရက်ကတည်းက တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သော်လည်း ယခုအခါ အဆိုပါ ဘွဲလက်မှတ်များ
အား ရယူနေကြောင်း သိရသဖြင့် တောင်ကြီးတက္ကသိုလ် ကြားကာလ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီက
အရေးယူမှု များ ချမှတ်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အရေးယူမှုများအနေဖြင့်
တရားမဝင် စစ်ကောင်စီ၏ လက်ဝေခံ ကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ ပေးအပ်ခဲ့သည့်၊ ပေးအပ် မည့်
နေ့သင်တန်းအဝေးသင်သင်တန်း ဘွဲ့လက်မှတ်များ ထောက်ခံချက်များ၏ တရားဝင်မှုအား ပယ်ဖျက်ပြီး
ယင်း ဘွဲ့လက်မှတ် ထောက်ခံချက် ရယူထားသူများကို ကျောင်းသားမှတ်တမ်းများတွင် ထိန်းသိမ်းထားရှိမည်ဖြစ်ကာ
ထို ဘွဲ့လက်မှတ် ထောက်ခံချက်များကြောင့် ရရှိနေဆဲ၊ နောင်ရရှိလာမည့် အလုပ်အကိုင် အခွင့်အရေးနှင့်
ဘွဲ့လက်မှတ်၏ တရားဝင်မှုအား ပြည်သူတင်မြှောက်သည့် အစိုးရလက်ထက်တွင် အလုံးစုံ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း
ဖော်ပြ ထားသည်။
.
အဆိုပါ အာဏာသိမ်း
တရားမဝင် စစ်ကောင်စီ၏ လက်ဝေခံ ကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ ပြုလုပ်သည့်
ဘွဲ့နှင်းသဘင် နှင့် ပေးအပ်သော ဘွဲ့လက်မှတ်များနှင့် စပ်လျဉ်း၍ အခြားသော
အရေးယူမှုများကို ကြားကာလ တက္ကသိုလ် အုပ်ချုပ်ရေးကောင်စီမှ တရားဝင်အစိုးရအဖွဲ့၏
မူဝါဒများအပြင် CDM ပြုလုပ်ထားသည့်
ဆရာထု၊ ဝန်ထမ်းထု၊ ကျောင်းသားထုတို့၏ တောင်းဆိုမှု၊ သဘောထားမှတ်ချက်တို့ကို
ထည့်သွင်း စဉ်းစား၍ ဆုံးဖြတ်အရေးယူမှုများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ကြီးတက္ကသိုလ်
ကြားကာလ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။
.