တောင်ကြီးတွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

.

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ဝါးပြားလမ်းဆုံ မီးပွိုင့်အနီးတွင် ယနေ့ ဒီဇင်ဘာလ ၂ ရက်၊ ညနေပိုင်းက ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်ပေါ်ပါ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

.

ဝါးပြားလမ်းဆုံအနီး၊ ဝါးပြားအတက်လမ်းတွင် ယနေ့ ဒီဇင်ဘာလ ၂ ရက်၊ ညနေ ၅ နာရီခန့်က အဆင်းဆိုင်ကယ်နှင့် အတက်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိမ်းရှောင်စဉ် အဆင်းဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကာ ယင်းဆိုင်ကယ်သည် လမ်းဘေးရှိ ရေမြောင်းဖုံးအား ထပ်မံတိုက်မိပြီး ဆိုင်ကယ်ရှေ့ဖောက်များ ပြုတ်ထွက်၍ ရှေ့ပိုင်းတစ်ခြမ်းလုံး ကြေမွပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ညနေခင်းပိုင်းဆိုရင် လမ်းပေါ်မှာ ဆိုင်ကယ်တွေ၊ ကားတွေက တအားရှုပ်တယ်။ အခုက လမ်းဘေးရေမြောင်း တွေလည်း လုပ်နေတော့ လမ်းကျဉ်းတဲ့အတွက် သတိထားပြီးမောင်းမှ ရတာပါ။ တစ်ဖက်နဲ့တစ်ဖက် စောင့်ပြီး မမောင်းတော့ ခုလိုက်တိုက်မိကြတာပါ” ဟု အဆိုပါနေရာအနီး နေထိုင်သူတစ်ဦးက ပြောသည်။

.

ကျောင်းကြီးစုရပ်ကွက်၊ တိုင်းရင်းသားပေါင်းစုံသုဿာန်သို့သွားရာ ဝါးပြားလမ်းဆုံတွင် လမ်းဘေးရေမြောင်းများ ပြုလုပ်နေသည့်အတွက် လမ်းကျဉ်းနေပြီး ကား၊ ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် သတိပြုသွားလာရန် လိုအပ် နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

Journal Download

Photo of three cats