.
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းရှိ
ကျေးရွာ ၇ ရွာတွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၄၃၇ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း
ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဒီဇင်ဘာလ ၄ ရက်တွင် ထုတ်ပြန်ထား
သည်။
.
.စစ်ကောင်စီတပ်၏ တပ်မ
(၈၈) လက်အောက်ခံ ခမရ (၄၁၅) တပ်ရင်းမှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူး သန်းဇော်ဝင်း ဦးဆောင်သည့်
စစ်ကြောင်းသည် နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၃ ရက်အတွင်း ထီးချိုင့်မြို့နယ်၊ ဆူးပုံချောင်ရွာ၊
အင်ကြင်းကုန်းရွာ၊ အလယ်တောရွာ၊ အင်းတိန်ရွာ၊ လေသာရွာ၊ ကျက်သရေချောင်းရွာနှင့်
သခွတ်ချောင်ရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စစ်ကြောင်း၏
မီးရှို့ဖျက်ဆီးမှုကြောင့် လေသာရွာမှ အိမ်ခြေ ၁၈၇ လုံး၊ အလယ်တောရွာမှ အိမ်ခြေ ၈၅ လုံး၊
အင်းတိန်ရွာမှ အိမ်ခြေ ၄၉ လုံး၊ အင်ကြင်းကုန်းရွာမှ အိမ်ခြေ ၄၂ လုံး၊
ဆူးပုံချောင်ရွာမှ အိမ်ခြေ ၃၅ လုံး၊ သခွတ်ချောင် ရွာမှ အိမ်ခြေ ၃၂ လုံး၊
ကျက်သရေချောင်းရွာမှ အိမ်ခြေ ၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
.
ထို့အပြင် စစ်ကောင်စီတပ်၏
မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူများ စိုက်ပျိုးရိတ်သိမ်း သိုလှောင်ထားသည့် စပါးတင်း
ပေါင်း ထောင်ချီ၍ ပျက်စီးဆုံးရှုံးခဲ့ပြီး လယ်ယာစိုက်ပျိုးရေးသုံး စက်ယာဉ်
ယန္တရားများနှင့် ပစ္စည်းကိရိယာများစွာ ပျက်ဆီးဆုံးရှုံးခဲ့သည့်အပြင် အခြား စာရင်းမပြုစုနိုင်သည့်
ပစ္စည်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
.
ထီးချိုင့်မြို့နယ်အတွင်းရှိ
ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်များက
ခုခံတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများရှိကြောင်း
သိရသည်။
.
စစ်ကောင်စီတပ်မှ မီးရှို့သတ်ဖြတ်
လုယက်မှု၊ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အတွက် ပြည်သူများ အနေဖြင့် မိမိပိုင်ပစ္စည်းများကို
စနစ်တကျ သိုဝှက်ကြရန်နှင့် စစ်ကြောင်းထိုးရာ အရပ်များကို နားစွင့်ပြီး အချိန်နှင့်
တစ်ပြေးညီ တိမ်းရှောင်ကြရန် ထီးချိုင့်ပအဖက မေတ္တာရပ်ခံထားသည်။
.