ဒီပဲယင်းမြို့နယ်၊ နများကျေးရွာရှိ နေအိမ် ၃၀၀ ကျော် ယခု ဒီဇင်ဘာလအတွင်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
.
နများကျေးရွာသည် အိမ်ခြေ ၅၀၀ ခန့်ရှိသည့် ကျေးရွာ ဖြစ်ပြီး မြို့နယ်အတွင်း၌ နေအိမ် အများဆုံး မီးရှို့ခံခဲ့ရသည့် ရွာ ဖြစ်ကြောင်းလည်း သိရသည်။
.
စစ်ကောင်စီ၏ မီးရှိုးဖျက်ဆီးမှုကြောင့် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းမှ ကျေးရွာ ၁၈ ရွာရှိ နေအိမ် စုစုပေါင်း ၁၆၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်းနှင့် ဒေသခံပြည်သူ ၂၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ကာ နီးစပ်ရာ ဆွေမျိုးသားချင်း မိသားစုများနှင့် ဘုရားကျောင်းကန်များတွင် မှီခိုနေထိုင်နေကြရသည်ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့ က ထုတ်ပြန်ထားသည်။