တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ နယ်မြေရဲစခန်းတွင် ယမန်နေ့ ဒီဇင်ဘာလ ၇ ရက် ညနေပိုင်းက ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
.
အဆိုပါ တိုက်ခိုက်မှုကို ရွှေညောင်မြို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်ခြင်း ဖြစ်ကြောင်းသည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
.
စစ်ကောင်စီ အလိုကျ အများပြည်သူအပေါ် ခြိမ်းခြောက် ဖိနှိပ်ခြင်းများ ပြုနေဦးမည် ဆိုပါက လုံးဝ ခွင့်လွှတ်ပေးမည် မဟုတ်ကြောင်းနှင့် ပြည်သူများ အနေဖြင့် စစ်ကောင်စီ တပ် စခန်း ကား တပ်သားများနှင့် တတ်နိုင်သမျှ ခပ်ဝေးဝေး နေရန်ကိုလည်း ထုတ်ပြန်ချက်တွင် မေတ္တာရပ်ခံဖော်ပြထားသည်။
.
တိုက်ခိုက်မှုကြောင့် ထိခိုက်၊ ပျက်ဆီးမှု အခြေအနေကို မသိရသေးပေ။