ကန့်ဘလူမြို့နယ်၊ ​ဂါးဂ​လော်ရွာအား စစ်​ကောင်စီတပ် ဒုတိယအကြိမ် ဝင်ရောက်မီးရှို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကန့်ဘလူမြို့နယ်၊ ​ဂါးဂ​လော်ရွာအား စစ်​ကောင်စီတပ် ဒုတိယအကြိမ် ဝင်ရောက်မီးရှို့

.

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဂါးဂလော်ရွာအား စစ်ကောင်စီတပ်များက ယနေ့ ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ဒုတိယအကြိမ်မြောက် ထပ်မံဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က ထုတ်ပြန်ထားသည်။

.

.

စစ်​ကောင်စီ၏ ခမရ (၃၆၈) နှင့် ပျူ​စောတီးများသည် ယ​နေ့ ဒီဇင်ဘာလ ၂၄ ရက်၊ နံနက် ၇ နာရီခွဲခန့်က ​ကျေးရွာအား ဒုတိယ အကြိမ်အဖြစ် ဝင်​ရောက်မီးရှို့ဖျက်ဆီး​နေခြင်းဖြစ်​ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်ကလည်း ယင်း စစ်​ကောင်စီတပ်များက ​ဂါးဂလော်ကျေးရွာအား ပထမအကြိမ် ဝင်​ရောက်မီးရှို့ ဖျက်ဆီးခဲ့ပြီး ဖြစ်ကာ ယမန်​နေ့ ဒီဇင်ဘာလ ၂၃ ရက်တွင် ​ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး​နောက် ယ​နေ့ ဒီဇင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ရွာအတွင်းသို့ ထပ်မံဝင်​ရောက်လာခြင်းဖြစ်​ကြောင်း သိရသည်။
.
လက်ရှိတွင် ဝင်ရောက်မီးရှို့ဖျက်ဆီးနေမှုကြောင့် အပျက်အစီးနှင့် အထိအခိုက်စာရင်းကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကာ ကျေးရွာနေ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ​ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှား သူများအဖွဲ့က ဆိုသည်။
.
စစ်​ကောင်စီတပ်များ ပထမအကြိမ် မီးရှို့ဖျက်ဆီးစဉ်က ရွာဦးဘုန်းကြီး​ကျောင်းနှင့် ​ကျေးလက်​ဆေး​ပေးခန်း အပြင် ပြည်သူပိုင်နေအိမ် ၂၃ လုံး မီး​လောင်ပျက်စီးခဲ့​ကြောင်း သိရသည်။

.

ထို့အပြင် ထိုစဉ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသည့် ​ဒေသခံ ၅ ဦးအနက် အမျိုးသား ၃ ဦးကို ရက်စက်စွာ နှိပ်စက်ညှဉ်းပန်း မီးရှို့သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၂ ဦးမှာ ​ပျောက်ဆုံး​နေဆဲဖြစ်​ကြောင်း သိရသည်။

.   

Journal Download

Photo of three cats