မိုင်းပျဉ်းမြို့နယ်၊ အမှတ်(၂) ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (544Km-545Km) ကြား၌ ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီကျော်ခန့်တွင် အိမ်စီးကားတစ်စီး ချောက်ထဲ ထိုးကျ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်းသူ သေဆုံးခဲ့ကြောင်း သိရသည်။
.
အဆိုပါ အိမ်စီးကားမှာ Wish အမျိုးအစား အဖြူရောင်ယာဉ် ဖြစ်ပြီး အရှိန် မထိန်းနိုင်ဘဲ ချောက်ထဲ ထိုးကျကာ တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယာဉ်တိမ်းမှောက်မှုအား မီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းကို ပရဟိတရှမ်းလူငယ်အသင်းယာဉ်ဖြင့် မိုင်းပျဉ်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။