.
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊
မင်းရွာကျေးရွာနေ NLD ပါတီဝင်များ
အပါအဝင် အမျိုးသား ၆ ဦးကို မြင်းခြံ သီတာယုမွန် ဦးဆောင်သော ပျူစောထီးအဖွဲ့များက ယမန်နေ့
ဒီဇင်ဘာလ ၆ ရက်၊ ညပိုင်းတွင် သတ်ဖြတ်ခဲ့ကြောင်း မြင်းခြံနှင့် တောင်သာ လူထုလှုပ်ရှားမှုကော်မတီများက
ထုတ်ပြန်ထားသည်။
.
.
သတ်ဖြတ်ခံရသူများမှာ
မင်းရွာကျေးရွာနေ NLD ပါတီဝင်များဖြစ်သည့်
ဦးကျော်ဆောင်၊ ဦးခင်မောင်စိန်၊ ကိုမင်းဇော်နှင့် ကိုဟန်တင်နှင့် NLD ပါတီဝင်မဟုတ်သူ ကိုစိုးပိုင်၊ ကိုအောင်ကိုမင်းတို့ဖြစ်ကြောင်း သိရသည်။
.
ယမန်နေ့ ဒီဇင်ဘာလ
၆ ရက်၊ ညပိုင်းက မင်းရွာအတွင်းသို့ စစ်ကောင်စီလက်သပ်မွေးထားသော မြင်းခြံ သီတာယုမွန်
ပျူစောထီးများ ဝင်ရောက်လာပြီး စာရင်းပါသူ ၄ ဦးနှင့် ထွက်ကြည့်သူ ၂ ဦး၊ စုစုပေါင်း အမျိုးသား
၆ ဦးတို့ကို ဖမ်းဆီးကာ မင်းရွာနှင့် ကူကုန်းရွာအနီးတွင် သတ်ဖြတ်ပြီး ရုပ်အလောင်းများကို
စွန့်ပစ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဒေသခံများ သတ်ဖြတ်ခံရသည့်
အဆိုပါ မင်းရွာတွင် အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားကြောင်း သိရသည်။
.