တောင်ကြီးမြို့ပေါ် နေရာအချို့တွင် လျှပ်စစ်မီးအဝင်များနေ၍ ဝါယာရှော့ခ်ဖြစ်မည်ကို စိုးရိမ်နေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ် နေရာအချို့တွင် လျှပ်စစ်မီးအဝင်များနေ၍ ဝါယာရှော့ခ်ဖြစ်မည်ကို စိုးရိမ်နေရ

.

လျှပ်စစ်မီး အချိန်ပိုင်းခွဲတမ်းဖြင့် ပေးနေသည့် တောင်ကြီးမြို့ပေါ် နေရာအချို့တွင် လျှပ်စစ်မီးလာသည့်အချိန်၌ မီးအား အဝင်များနေသည့်အတွက် အသုံးပြုရန်ခက်ခဲပြီး လျှပ်စစ်ဝါယာရှော့ခ်ဖြစ်မည်ကို စိုးရိမ်နေရကြောင်း သိရသည်။

.

.

တောင်ကြီးမြို့ပေါ်ရပ်ကွက်များရှိ နေရာအချို့တွင် လျှပ်စစ်မီးအဝင် ဓာတ်အား ၂၇၀ ကျော်အထိ ရှိနေသည့်အတွက် မီးလာချိန်တွင် လျှပ်စစ်မီးအသုံးပြုနိုင်ခြင်းမရှိဘဲ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ပျက်စီးမှုအပြင် မီးလောင်မှုဖြစ်ပွားမည် ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

“မီးအားက ၂၈၀ လောက်အထိ တက်နေတော့ မီးလာလည်း မသုံးရဲတော့ဘူး ။မီးပျက်တော့လည်း သုံးမရ၊ မီးလာတော့လည်း သုံးမရပုံစံမျိုး ဖြစ်နေတာပေါ့” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။

.

ယင်းကဲ့သို့ နေရာအချို့တွင် လျှပ်စစ်ဗို့အား ကျော်လွန်နေသော်လည်း တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင်မူ မီးအားမှာ သုံးမရသည်အထိ ကျဆင်းနေကြောင်း သိရသည်။

.

“မီးက လာတယ်သာ ပြောတယ်။ ဘာမှသုံးမရဘူး။ ခရမ်းချဉ်သီးချိတ်ထားရင်မှ အရောင်မြင်ရင် မြင်ရဦးမယ်။ မီးတစ်ခါလာရင် ၄ နာရီပဲ ရတယ်။ ထမင်းတစ်အိုးချက်တာက ၃ နာရီကျော်ကြာတယ်။ ဒီကြားထဲ ပြန်ပြတ်သွားရင် အဲဒီထမင်းအိုးက ပျက်ပြီ။ နည်းတဲ့နေရာကနည်း၊ များတဲ့နေရာက သုံးမရအောင်များ ဆိုတော့ ဘာမှကို အလုပ်မဖြစ် တော့ဘူး” ဟု အခြား ဒေသခံတစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

တောင်ကြီးမြို့ပေါ်တွင် လျှပ်စစ်မီးလာသည့်အချိန် နည်းပါးခြင်း၊ မီးလာချိန် မမှန်ခြင်းနှင့် မီးလာချိန်တွင်လည်း ဓါတ်အား မငြိမ်သက်ခြင်းကြောင့် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်မှု အန္တရာယ် ဖြစ်မည်ကို စိုးရိမ်နေရ ကြောင်းနှင့် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats