မွန်ပြည်နယ်၊ မုဒုံမြို့၊ ကမာဝက်(၁၁)ရပ်ကွက်၊ ရှမ်းစုရပ်တွင် ယနေ့ ဒီဇင်ဘာလ ၂၀ ရက်၊ နံနက် ၁ နာရီခွဲခန့် (၁၉ ရက်နေ့ ညပိုင်း)တွင် နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှုအား မီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေးအသင်းများနှင့် ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ၂ နာရီကျော်ခန့်တွင် မီးငြိမ်းသွားခဲ့သည်ဟု သိရသည်။
.
မီးစတင် လောင်ကျွမ်းရသည့် အခြေအနေအား မသိရသေးဘဲ မီးလောင်မှုကြောင့် နေအိမ် ၁၃ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။