ကာကွယ်ရေးနှင့် လုံခြုံရေးဆောင်ရွက်နေသော အဖွဲ့များ ရပ်တည်နိုင်ရေးအတွက် ရန်ပုံငွေထောက်ပံ့မှု အရေးကြီး ဟု ပြည်ထောင်စုဝန်ကြီးချုပ် ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကာကွယ်ရေးနှင့် လုံခြုံရေးဆောင်ရွက်နေသော အဖွဲ့များ ရပ်တည်နိုင်ရေးအတွက် ရန်ပုံငွေထောက်ပံ့မှု အရေးကြီး ဟု ပြည်ထောင်စုဝန်ကြီးချုပ် ပြော

.

ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ဆောင်ရွက်နေသည့် ပကဖ၊ PDF နှင့် LPDF များ ရပ်တည်နိုင်ရေးအတွက် ရန်ပုံငွေ ထောက်ပံ့မှုအပိုင်းသည် အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောဆိုခဲ့သည်ဟု သိရသည်။

.

.

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄၀/၂၀၂၂)ကို ယနေ့ ဒီဇင်ဘာ ၉ ရက်၊ နံနက်ပိုင်းက ပြုလုပ်ရာ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

.

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဗဟိုကော်မတီအနေဖြင့် မြေပြင်နှင့် တိုက်ရိုက်ချိတ်ဆက်နေသည့် အစည်းအဝေးများ၊ တိုင်းရင်းသားအတိုင်ပင်ခံကောင်စီများနှင့် ပုံမှန်တွေ့ဆုံမှုများ၊ လွှတ်တော်ကိုယ်စားပြု ကော်မတီများနှင့် ပုံမှန် တွေ့ဆုံမှုများကို လုပ်ဆောင်လျက်ရှိကြောင်း၊ ကော်မတီ၏ လိုအပ်ချက်အရ ထပ်မံဖွဲ့စည်းထားသည့် ဝန်ကြီးဌာန များမှလည်း အားပြည့်အင်ပြည့် ပါဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းလိုကြောင်း၊ အာဏာသိမ်းစစ်ကောင်စီကို အမြစ်ပြတ်တိုက်ထုတ်နိုင်ရေးတွင် ကာကွယ်ရေးနှင့် လုံခြုံရေးဆောင်ရွက်နေသည့် ပက၊, PDF LPDF များ၏ ရပ်တည်နိုင်ရေးအတွက် ရန်ပုံငွေထောက်ပံ့မှုအပိုင်းသည် အရေးကြီးကြောင်း၊ စိုးမိုးနယ်မြေများရှိ အုပ်ချုပ်ရေးအခြေ အနေများကို မြို့နယ်အလိုက် စနစ်တကျ ပြုစုထားရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

.

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးချုပ်က မြေပြင်တွင် ဖွဲ့စည်းထားသည့် မြို့နယ်ပအဖများ၏ လုပ်ငန်းဆောင်ရွက် နိုင်မှုများကို သေချာစွာ လေ့လာသုံးသပ်ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်မှု ဖော်ဆောင်ရာတွင် နယ်မြေစိုးမိုးမှုက ပထမ အဆင့် ဖြစ်ပြီး စိုးမိုးနယ်မြေများ တည်ငြိမ်အေးချမ်းရေးက ဒုတိယအဆင့်ဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်မှသာ အုပ်ချုပ်ရေး ယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

.

ထို့နောက် တက်ရောက်လာသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်များ က (၃၉/၂၀၂၂) တွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ပြီးစီးမှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

.

အဆိုပါအစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

.

Journal Download

Photo of three cats