.
စစ်ရေးနည်းလမ်းဖြင့်
တိုက်ပွဲဝင်နေကြသည် ဆိုသော်လည်း မည်သည့်အခြေအနေမျိုးတွင်မဆို လူသားမဆန်သည့် တရားလက်လွတ်
ပြုကျင့်သူများ မဖြစ်ရန် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက
ပြောဆို ခဲ့သည်ဟု သိရသည်။
.
.အမျိုးသားညီညွတ်ရေးအစိုးရ၏
(၇၇) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့ ဒီဇင်ဘာလ ၆ ရက်၊ နံနက်ပိုင်းက ပြုလုပ်ရာ
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊
ယာယီသမ္မတ ဒူဝါလရှီးလက NUG အနေဖြင့် ပြည်သူ့အစိုးရစစ်စစ် ဖြစ်သည့်အတွက် ပြည်သူလူထု၏ သဘောထားဆန္ဒကို ဆန့်ကျင်သည့်
လမ်းစဉ်/မူဝါဒများကို ချမှတ်အကောင်အထည် ဖော်မည်မဟုတ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
.
ထို့နောက် ပြည်ထောင်စုဝန်ကြီးချုပ်
မန်းဝင်းခိုင်သန်းက အမှာစကား ပြောကြားရာတွင် NUG အနေဖြင့် ရက်စက် ကြမ်းကြုတ်သူများကို အမြစ်ဖြတ်နိုင်ရေးအတွက်
စစ်ရေးနည်းလမ်းအရ တိုက်ပွဲဝင်နေကြသည် ဆိုသော်လည်း မည်သည့်အခြေအနေမျိုးတွင်မဆို လူသားမဆန်သည့်
အသိတရားမဲ့၊ တရားလက်လွတ်ပြုကျင့်သူမျး မဖြစ်ရန် အရေးကြီးကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်
ယင်းသတင်းစကားကို တော်လှန်ရေးရဲဘော်များထံသို့ ပြန်လည်ပေးပို့ရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
.
ဆက်လက်ပြီး ပြည်ထဲရေးနှင့်
လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက်စစ်အုပ်စုအဖြစ်
ကြေညာရန်ကိစ္စကို တင်ပြခြင်း၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက
အလုံးစုံအုံကြွမှုနှင့် ပတ်သက်ပြီး ပြင်ဆင်မှုများကို တင်ပြခြင်းများ ပြုလုပ်ခဲ့ပြီး
တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးချုပ်က ပြန်လည် ရှင်းလင်းဆွေးနွေးကာ ယာယီသမ္မတက
နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
.
အဆိုပါအစည်းအဝေးသို့
အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်
ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.