.
တောင်ကြီးမြို့တွင်
လျှပ်စစ်ဓာတ်အားခ ပေးဆောင်ရာ၌ သတ်မှတ်ရက်ထက် ကျော်လွန်သည့် မီတာဖြတ်ပိုင်း များအား
ရက်လွန်ဒဏ်ကြေးအဖြစ်ယခင်က ၂၀၀၀ ကျပ်တောင်းခံရာမှ ယခုအခါ ၃၀၀၀ ကျပ်အထိ ပိုမိုတိုးမြှင့်တောင်းခံနေ
ကြောင်း သိရသည်။
.
.ယင်းကဲ့သို့ ရက်လွန်ဒဏ်ကြေး
တိုးမြှင့်တောင်းခံနေခြင်းသည် သတ်မှတ်ရက်အတွင်း မီတာခ ပေးဆောင်ရန် ငွေကြေး အခက်အခဲရှိသူများအတွက်
ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်လာနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
“အရင်တုန်းက ရက်ကျော်သွားရင်
ဒဏ်ကြေးဆိုပြီး ၂၀၀၀ တောင်းတယ်။ အခုကျတော့ ရက်လွန်ကြေးက ၃၀၀၀ ဖြစ်သွားတယ်။ တကယ်ခက်ခဲနေတဲ့
လူတွေဆီက မသထာရေစာ တောင်းစားသလိုမျိုး ဖြစ်နေတယ်။ အလကား ရတဲ့ပိုက်ဆံကို အချောင်လိုချင်နေကြတာပေါ့”
ဟု ရက်လွန်ဒဏ်ကြေး ပေးဆောင်ခဲ့ရသူတစ်ဦးက ပြောသည်။
.
တောင်ကြီးတွင် လျှပ်စစ်ဓာတ်အားခ
ပေးဆောင်ရန် ကျန်ရှိနေသည့် နေအိမ်များ၊ ဈေးဆိုင်ခန်းများအားလည်း လျှပ်စစ် ဓာတ်အားများ
လိုက်လံဖြတ်တောက်နေပြီး ကြွေးကျန်ပေးဆောင်သည့် အိမ်များတွင်လည်း ဓာတ်အား ပြန်လည် တပ်ဆင်လိုပါက
တပ်ဆင်ခများ ကောက်ခံနေကြောင်း သိရသည်။
.
ယင်းကဲ့သို့ လျှပ်စစ်ဓာတ်အား
ဖြတ်တောက်ခြင်း၊ သတ်မှတ်ရက်လွန်ဒဏ်ကြေး တိုးမြှင့်တောင်းယူခြင်းများ ပြုလုပ်နေသော်လည်း
တောင်ကြီးမြို့တွင် လျှပ်စစ်မီး လာသည့်အချိန်မှာ နည်းပါးနေပြီး အချို့ရက်များတွင် တစ်
ရက်လျှင် ၃ နာရီဝန်းကျင်သာ လျှပ်စစ်မီး ရရှိနေကြောင်း သိရသည်။
.