.
ဒီဇင်ဘာကျောင်းပိတ်ရက် ကာလအတွင်း ရောက်ရှိနေသော်လည်း ရှမ်းပြည်နယ်တောင်ပိုင်း၏ အထင်ကရနေရာများသို့ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု မရှိသလောက် နည်းပါးနေကြောင်း သိရသည်။
.
.
စစ်ကောင်စီ
အာဏာမသိမ်းမီက ယခုလို
ဒီဇင်ဘာကျောင်းပိတ်ရက်
ကာလများတွင် ရှမ်းပြည်နယ်တောင်ပိုင်း၏
အထင်ကရ နေရာများဖြစ်သည့်
အင်းလေးဖောင်တော်ဦးဘုရား၊
ကက္ကူမွေတော်ဘုရား၊
ထမ့်စမ်းလိုဏ်ဂူ၊ ပင်းတယရွှေဥမင်
လိုဏ်ဂူဘုရားနှင့် အခြား
ထင်ခြားသည့် နေရာများသို့
ပြည်တွင်း/ပြည်ပ
ခရီးသွားဧည့်သည် အများအပြား
ဝင်ရောက်မှုရှိခဲ့ပြီး
ယခုအခါ ခရီးသွားဧည့်သည်များ
ဝင်ရောက်မှု
နည်းပါးနေကြောင်း သိရသည်။
.
"အရင်က ဒီလိုကျောင်းပိတ်ရက် ကာလတွေဆိုရင် ဧည့်သည်တွေ တော်တော်များများလာကြတယ်။ ဧည့်သည် အဝင်များတော့ ခရီးသွားလုပ်ငန်းကနေ ဒေသခံတွေ အကျိုးဖြစ်ထွန်းတာတွေရှိခဲ့တာပေါ့။ စစ်တပ် အာဏာသိမ်းလိုက်တော့ဧည့်သည်က မလာသလောက်ကို ဖြစ်သွားတယ်။ အာဏာသိမ်းလိုက်တာ ဒေသခံတွေရဲ့ စီးပွားရေးတွေ အများကြီး ထိခိုက်ကုန်တယ်" ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကမ္ဘာကျော် အထင်ကရနေရာတစ်ခုဖြစ်သည့် အင်လေးကန်ဒေသတွင်လည်း ခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါးနေသည့်အတွက် စက်လှေပြေးဆွဲခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသည့် ဒေသခံများလည်း အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။
.
"ဒီဇင်ဘာကျောင်းပိတ်ရက်မျိုးဆို အရင်က လာတဲ့ဧည့်သည်တွေ များတယ်။ အခုကျတော့ လမ်းခရီးမှာ အစစ်အဆေးတွေများတော့ ဧည့်သည်က သိပ်မလာကြတော့ဘူး။ မိသားစု စားဝတ်နေရေးတွေ ခက်ခဲနေကြတာလည်း ပါတာပေါ့" ဟု အင်းလေးဒေသခံတစ်ဦးက ပြောသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း ဒေသသည် မြန်မာနိုင်ငံအတွင်း ထင်ရှားကျော်ကြားသည့် ခရီးသွားဒေသတစ်ခုဖြစ်ပြီး ယခုအခါ လာရောက်လည်ပတ်သည့် ဧည့်သည် နည်းပါးသွားသည့်အတွက် ခရီးသွားလုပ်ငန်းကို အမှီပြုထားသည့် လုပ်ငန်းများအားလုံး စီးပွားရေးရပ်တန့်သလောက် ဖြစ်ပေါ်နေကြောင်း သိရသည်။