ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအား သေဒဏ်ချမှတ်မှုကို ထိုင်းနှင့် မြန်မာကျောင်းသားများ ချင်းမိုင်တွင် ဆန္ဒပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအား သေဒဏ်ချမှတ်မှုကို ထိုင်းနှင့် မြန်မာကျောင်းသားများ ချင်းမိုင်တွင် ဆန္ဒပြ

.

ဒဂုံတက္ကသိုလ် ကျောင်းသား ၇ အား အာဏာသိမ်းစစ်ကောင်စီက သေဒဏ်ချမှတ်မှုကို ထိုင်းနှင့် မြန်မာကျောင်းသား များက ယနေ့ ဒီဇင်ဘာလ ၆ ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ဘုရင်သုံးပါးရုပ်တု ရင်ပြင်၌ ဆန့်ကျင်ဆန္ဒပြပွဲ ပြုလုပ် ခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ ဆန့်ကျင်ဆန္ဒပြရာတွင် ကြိုးစင်နှင့် သရုပ်ပြမှုအပါအဝင် ပါဖောမန့်များကို မြန်မာကျောင်းသားများနှင့် ထိုင်းကျောင်းသားများ ပူးပေါင်းသရုပ်ဖော်ခဲ့ပြီး ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရေးသားပေးပို့သည့်ကဗျာ နှင့် လက်ရှိ အကျဉ်းချခံရပြီး သေဒဏ်ချမှတ်ခံထားရသည့် ကျောင်းသား သူရမောင်မောင်၏ မိသားစုထံ ပေးပို့သည့် ကဗျာတစ်ပုဒ်ကိုလည်း ရွတ်ဆိုခဲ့ကြောင်း သိရသည်။

.

ထို့နောက် ဆန္ဒပြကျောင်းသားများက သေဒဏ်ပေးခြင်းကို ရုပ်သိမ်းပေးရန်၊ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ် ပေးရန်၊ နိုင်ငံတကာမှ စစ်ကောင်စီသို့ စစ်ရေးအရ ထောက်ပံ့မှုနှင့် စီးပွားရေးဆိုင်ရာ ထောက်ပံ့မှုများရပ်ရန် စသည့် အချက် ၆ ချက်ပါ အိတ်ဖွင့်စာကို သံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats