တောင်ကြီးမြို့ဝင်/ထွက်ဂိတ်များတွင် မှတ်ပုံတင်၊ ဆေးထိုးကတ်များယူသွားရပြီး ပျောက်ဆုံးမှုများကြောင့် အခက်တွေ့နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ဝင်/ထွက်ဂိတ်များတွင် မှတ်ပုံတင်၊ ဆေးထိုးကတ်များယူသွားရပြီး ပျောက်ဆုံးမှုများကြောင့် အခက်တွေ့နေ

.

တောင်ကြီးမြို့ပေါ် နေထိုင်သူများအနေဖြင့် အေးသာယာ၊ ရွှေညောင်၊ ဟိုပုံးအစရှိသည့် အနီးပတ်ဝန်းကျင် ဒေသများသို့ သွားရောက်ရာတွင် မှတ်ပုံတင်၊ COVID-19 ဆေးထိုးကတ်များ ယူဆောင်သွားလာနေရပြီး လမ်းခရီးတွင် ပျောက်ဆုံးမှု များ ရှိလာခြင်းကြောင့် အခက်အခဲဖြစ်ပေါ်လာနေကြောင်း သိရသည်။

.

.

အနီးပတ်ဝန်းကျင် နေရာများသို့ သွားလာရာတွင်ပင် မှတ်ပုံတင်နှင့် COVID-19 ဆေးထိုးကတ်များ ယူဆောင် သွားလာနေရပြီး လမ်းခရီးတွင် ပျောက်ဆုံးသွားပါက ပြန်လည်ရရှိရန် ခက်ခဲသည့်အပြင် ဆေးထိုးကတ် ပျောက်ဆုံး သွားပါက ပြန်လည်ပြုလုပ်ရန် မလွယ်ကူကြောင်း သိရသည်။

.

“နီးနီးနားနား အလုပ်ကိစ္စနဲ့သွားတာတောင် မှတ်ပုံတင်နဲ့ ဆေးထိုးကတ်က မပါမဖြစ် ယူသွားနေရတယ်။ ဂရုစိုက်တဲ့ ကြားက မတော်တဆ ကျပျောက်သွားတာတွေရှိတယ်လို့ ကြားနေရပါတယ်။ လမ်းပေါ်မှာ ကျသွားရင် ပြန်ရဖို့မလွယ် တော့ စစ်ဆေးရေးဂိတ်တွေကြောင့် ပြည်သူတွေ တော်တော်ကို ဒုက္ခရောက်ရပါတယ်” ဟု တောင်ကြီးဒေသခံ တစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့ပေါ် နေထိုင်သူများအနေဖြင့် မြို့ပြင်ထွက်ပြီး ပြန်လာသည့်အခါတိုင်း အေးသာယာထုံးဖိုဂိတ်၊ တောင်ကြီး အတက်လမ်း ပစောက်ကွေ့ဂိတ်၊ ပလီလင်းဂိတ်၊ ဟိုပုံးအထွက် ၆ မိုင်ဂိတ်များတွင် မှတ်ပုံတင်နှင့် COVID-19 ဆေးထိုးကတ်များအား စစ်ကောင်စီတပ်သားနှင့် လက်အောက်ခံ ရဲတပ်ဖွဲ့က စစ်ဆေးနေပြီး အပြည့်အစုံ မပါသူများအား ငွေညစ်တောင်းခံနေကြောင်း သိရသည်။

.

မှတ်ပုံတင်နှင့် ဆေးထိုးကတ်များ ပျောက်ဆုံးသွားပါက ပြန်လည်ပြုလုပ်ရန် အခက်အခဲများ ရှိနေသော်လည်း မြို့ပြင်ထွက်မည် ဆိုပါက မပါမဖြစ် ယူဆောင်သွားလာနေရကြောင်း သိရသည်။

.

Journal Download

Photo of three cats