.
ရှမ်းပြည်နယ်တရားလွှတ်တော်
တရားသူကြီးချုပ်နှင့် ပြည်နယ်တရားသူကြီးတစ်ဦးတို့ကို ပြောင်းလဲခန့်အပ်ကြောင်း စစ်ကောင်စီက
ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.ရှမ်းပြည်နယ်တရားလွှတ်တော်
တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၏ နေရာတွင် ဦးသန်းဦးလွင်အား ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်တရားသူကြီးအဖြစ်
ဒေါ်နန်းမေယဉ်အား ခန့်အပ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
.
ရှမ်းပြည်နယ်တရားလွှတ်တော်တွင်
ပြည်နယ်တရားသူကြီး ၂ ဦး ရှိရာ ဒေါ်နန်းမေယဉ်အား မည်သူ့နေရာတွင် အစားထိုးခန့်အပ်သည်ကိုမူ
ရှင်းလင်းစွာ မသိရှိရသေးချေ။
.
လက်ရှိ ရှမ်းပြည်နယ်တရားသူကြီးချုပ်
ဦးကြွယ်ကြွယ်သည် ၂၀၂၁ ခုနှစ်၊ ရှမ်းပြည်နယ်တရားလွှတ်တော် စတင်ဖွဲ့စည်း စဉ်ကတည်းက အရပ်သားအစိုးရလက်ထက်
၂ ဆက်တိုင် ပြည်နယ်တရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက်တွင်လည်း
ပြည်နယ်တရားသူကြီးချုပ်အဖြစ် ဆက်လက်ခန့်ထားခံရသူ ဖြစ်သည်။
.