ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ တစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ တစ်ဦး သေဆုံး

.

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒီဇင်ဘာလ ၁၃ ရက်က စစ်ကောင်စီ တပ်များမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

.

.

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁၃ ရက်တွင် ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆) မိုင်နှင့် ဘက်သလိန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် KNDF/B09 နှင့် ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ရာ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဘက်မှ ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KNDF က ယနေ့ ဒီဇင်ဘာလ ၁၆ ရက်တွင် သတင်းထုတ်ပြန် ထားသည်။

.

စစ်ကောင်စီတပ်များသည် ဘက်သလိန်ကျေးရွာနှင့် ဝမ့်လထွားကျေးရွာများအတွင်းသို့ ဝင်‌ရောက်မီးရှို့ ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ရာ ဒေါစဲကျေးရွာအတွင်း လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲသဖြင့် အရပ်သားပြည်သူတစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

စစ်ကောင်စီတပ်များသည် ဒီဇင်ဘာလ ၁၄ ရက်တွင်လည်း ဘက်သလိန်ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် တစ်ဖက်သတ် ပစ်ခတ်ခဲ့ကြောင်း KNDF က ဆိုသည်။

.

ဒီးမော့ဆိုမြို့နယ်၊ ဘက်သလိန်နှင့် ဝမ့်လထွားကျေးရွာများတွင် စစ်ကောင်စီတပ်များမှ ခြေကုပ်ယူ တပ်စွဲလျက်ရှိ သဖြင့် KNDF/B09 နှင့် မကြာခဏ ထိတွေ့တိုက်ပွဲငယ်များ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

.

[ Photo – KNDF ]

.

Journal Download

Photo of three cats