တာချီလိတ်တွင် ချောကလက်စားပြီး ကလေးငယ် ၂ ဦး အပါအဝင် ၅ ဦး မူးဝေအော့အန်ကာ ဆေးရုံတင်ထားရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် ချောကလက်စားပြီး ကလေးငယ် ၂ ဦး အပါအဝင် ၅ ဦး မူးဝေအော့အန်ကာ ဆေးရုံတင်ထားရ

.

တာချီလိတ်မြို့တွင် ယနေ့ ဒီဇင်ဘာလ ၇ ရက်၊ နေ့လယ်ပိုင်းက ချောကလက် စားပြီး ကလေးငယ် ၂ ဦး အပါအဝင် ၅ ဦး မူးဝေအော့အန်မှုဖြစ်ပွားကာ ဆေးရုံသို့ တင်ပို့ပေးခဲ့ရကြောင်း သိရသည်။

.

.

တာချီလိတ်မြို့၊ ရန်အောင်မြေ ပါလျှံ (၁) ရပ်ကွက်၊ အလိုတော်ပေါက်ဘုန်းကြီးကျောင်းအနီး အိမ်ခန်းငှားတစ်ခုတွင် နေထိုင်သူ ကလေးငယ် ၂ ဦးနှင့် လူကြီး ၃ ဦးတို့သည် ယနေ့ ဒီဇင်ဘာလ ၇ ရက်၊ နေ့လယ် ၁၂ နာရီခန့်က ချောကလက် များ စားသုံးပြီး မူးဝေအော့အန်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်းမှ တာချီလိတ် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

ချောကလက် စားသုံးပြီးနောက် မူးဝေအော့အန်မှု ဖြစ်ပွားခဲ့သူများမှာ မသီတာသိမ့်၊ မယမင်း၊ မောင်အောင်ကျော်လင်း နှင့် အသက် ၂ နှစ်၊ ၄ လအရွယ် ကလေးငယ် မောင်ထူးမြတ်ဝေ၊ အသက် ၁ နှစ်၊ ၄ လအရွယ် ကလေးငယ် နန်းသဇင်မိုး တို့ ဖြစ်ကြောင်း သိရသည်။

.

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်ကလည်း တရုတ်စာတမ်းပါ ကော်ဖီသောက်သုံးပြီး ဆရာတော်တစ်ပါးနှင့် ဒကာ ၄ ဦးတို့ သတိလစ်မေ့မျောမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

[ Photo - ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်း ]

.

Journal Download

Photo of three cats