ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ငါးတိုင်ကျေးရွာရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ စစ်ကောင်စီတပ်သားကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Saw Dragon Drone Force –SDDF က ထုတ်ပြန်သည်။
.
KTLA ၏ ဗျူဟာမှူး ဗိုလ်အယ်ဆေးဝါးဦးဆောင် သော Lion Battalion Commando -ဗျူဟာစစ်ကြောင်း၊ KNLA ၊ PDF ၊ ARMS ၊ Saw Dragon Drone Force –SDDF မဟာ မိတ်တပ်ပေါင်းစုတို့ပူးပေါင်းကာ ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်၊ နံနက်တွင် ဗုံးသီး အကြီး ၄ လုံး၊ အသေး ၉ လုံးကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
အဆိုပါ ဗုံးသီးများ အားလုံး စစ်ကောင်စီတပ် ဝန်း အတွင်း ကျရောက် ပေါက်ကွဲခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်သော်လည်း အသေးစိတ် အခြေအနေ မသိရသေးပဲ စုံစမ်းနေဆဲဖြစ်ကြောင်း Saw Dragon Drone Force –SDDF က ထုတ်ပြန်ထားသည်။