မူဆယ်မြို့နယ်၊ ဆွမ်လုံကျေးရွာရှိ ဆွမ်လုံတံတားအနီး၌ ယနေ့ ဒီဇင်ဘာလ ၂၀ ရက်၊ နံနက်ပိုင်းတွင် ယာဉ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိ၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
မူဆယ်မှ လာသည့် အိမ်စီး မော်တော်ယာဉ်နှင့် မန္တလေးမှ တက်လာသည့် ၁၂ ဘီးယာဥ် တို့ မျက်နှာချင်းဆိုင် ယာဉ်တိုက်မှု ဖြစ်ပွားခြင်း ဖြစ်ပြီး အိမ်စီးယာဉ်ပေါ်မှ အမျိုးသားမှာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။
.
သေဆုံးသူမှာ မိုင်းယုလေးရွာနေ အသက် ၂၆ နှစ်အရွယ် မိုင်းဘကြည် ဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို နမ့်ဖတ်ကာမေတ္တာရှင်လူမှုကူညီရေးအသင်း က သွားရောက် သယ်ထုတ် ကူညီပေးခဲ့သည်ဟု သိရသည်။