စစ်ကောင်စီခန့် ရန်ကုန်ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ စီးပွားရေးဝန်ကြီးဟောင်း ဦးလှစိုးနှင့် အတွင်းရေးမှူး ဦးစိုးစိုး‌ဇော် တို့ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီခန့် ရန်ကုန်ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ စီးပွားရေးဝန်ကြီးဟောင်း ဦးလှစိုးနှင့် အတွင်းရေးမှူး ဦးစိုးစိုး‌ဇော် တို့ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

.

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ခန့်အပ်တာဝန်ပေးပြီး အဂတိမှုဖြင့် တရားစွဲဆိုခံထားရသည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးနှင့် အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ကို ယနေ့ ဒီဇင်ဘာလ ၈ ရက်တွင် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

.



.

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြီးခဲ့သည့် ဇွန်လအတွင်းက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

.

ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးကို ထောင်ဒဏ် ၁၅ နှစ်၊ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးကို ထောင်ဒဏ် နှစ် ၂၀ နှင့် အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ကို ထောင်ဒဏ် ၆ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ရန်ကုန်တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးဖြစ်သူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးစိုးဇော်သည် ရန်ကုန်တိုင်းသို့ မပြောင်းရွှေ့မီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးအဖြစ် နှစ်ရှည် တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

.

Journal Download

Photo of three cats