တောင်ကြီးတွင် အမျိုးသား တစ်ဦးက ကယ်ရီသမားထံမှ ဆိုင်ကယ်လုယက်ရန် ကြိုးပမ်းမှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် အမျိုးသား တစ်ဦးက ကယ်ရီသမားထံမှ ဆိုင်ကယ်လုယက်ရန် ကြိုးပမ်းမှု ဖြစ်ပွား

တောင်ကြီးမြို့၌ ယနေ့ ဒီဇင်ဘာလ ၂၁ ရက် နေ့လယ် ၁၁ နာရီခန့်က ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတစ်ဦးထံမှ အမျိုးသား တစ်ဦးက ဆိုင်ကယ်လုယက် ထွက်ပြေးရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

တောင်ကြီးမြို့၌ ဂိတ်ထိုးပြေးဆွဲနေသည့် ဆိုင်ကယ်ကယ်ရီ မောင်းနှင်နေသူတစ်ဦးထံသို့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ဆိုင်ကယ်ကို လုယက်ထွက်ပြေးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.


" သူက ဆိုင်ကယ်စီးမယ့် ပုံစံနဲ့ ရောက်လာတာပါ။ ဘယ်သွားမှာလည်း မေးတော့ ဆိုင်ကယ်ကို လုမယ့် ပုံစံမျိုး လုပ်လာတာ။ ဂိတ်က တခြားကယ်ရီသမားတွေ ရောက်လာတာမြင်တော့ ထွက်ပြေးသွားတယ်။" ဟု ဆိုင်ကယ် ကယ်ရီသမားက ပြောသည်။

.

အဆိုပါ ဆိုင်ကယ် လုယက်ထွက်ပြေးရန် ကြိုးစားသည့် အမျိုးသားမှာ မူးယစ်ဆေးသုံးစွဲထားသည့် ပုံစံမျိုး ဖြစ်ပြီး လက်ထဲတွင်လည်း အသွားချွန်ထား သည့် ဝက်အူလှည့် တစ်ချောင်းအား ကိုင်ဆောင်ထားသည်ဟု ၎င်းက ဆိုသည်။

.

တောင်ကြီးမြို့ပေါ်တွင် မော်တော်ယာဥ် အပါအဝင် ဆိုင်ကယ် ခိုးယူမှု၊ လက်ကိုင်ဖုန်း လုယက် ထွက်ပြေးမှုနှင့် နေအိမ်ဖောက်ထွင်း ခိုးယူခံရမှုများ မကြာခဏဖြစ်ပွားနေသော်လည်း ကျူးလွန်သည့် တရားခံများအား ဖမ်းဆီးရမိခြင်း မရှိကြောင်း သိရသည်။

Journal Download

Photo of three cats