၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ မနုနုအောင်၊ မခက်ခက်အောင်နှင့် ကိုမြတ်သူတို့ကို ဒီဇင်ဘာလ ၂၃ ရက်တွင် စစ်ကောင်စီ လက်အောက်ခံ ကျိုက်မရော ထောင် တရားရုံးက ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်လိုက်ကြောင်း သိရှိရသည်။
.
မနုနုအောင်၊ မခက်ခက်အောင်နှင့် ကိုမြတ်သူ တို့ကို ပုဒ်မ - ၅၀ ည အတွက် ထောင်ဒဏ် ၁၀ နှစ်၊ ပုဒ်မ ၅၁ (ဂ) အတွက် ထောင်ဒဏ် ၅ နှစ်စီ အသီးသီးချမှတ်ခဲ့ခြင်း ဖြစ်သည်။
.
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မနုနုအောင်နှင့် မခက် ခက်အောင် ၊သားဖြစ်သူ ကိုမြတ်သူ တို့ကို စစ်ကောင်စီ တရားရုံးက ပုဒ်မ- ၅၀ (ည) နှင့် ထောင်ဒဏ် ၁၀ နှစ်၊ ၅၁(ဂ) နဲ့ ထောင်ဒဏ် ၅ နှစ် စီ ဒီဇင် ဘာ ၂၃ ရက် နေ့ အပြီးသတ် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
.
"သူတို့ဟာ ကျန်းမာရေး မကောင်းလို့ ဘားအံမှာ ဆေးသွားကုရင်း ဧပြီလ ၂၆ ရက်နေ့က စစ်ထောက်လှမ်းရေးအဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး ၁၂ ရက်ကြာ စစ်ကြောရေး ခံခဲ့ရပါတယ်။ စစ်ကြောရေးကတဆင့် မော်လမြိုင် မြို့မရဲစခန်းကို ရောက်ရှိခဲ့ပြီး မော်လမြိုင် မြို့မရဲစခန်းမှူး ဦးလှထွန်းက တရားလို ပြုလုပ်ကာ ပုဒ်မ- ၅၀(ည) ၊ ၅၁(ဂ) တို့နဲ့ အမှုဖွင့်တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ " ဟု ၎င်းတို့၏ မိတ်ဆွေတစ်ဦးက ပြောသည်။
.
မနုနုအောင် သည် ခြေထောက် အရွတ်ပြဲ အကြောရောင်ရောဂါနှင့် လမ်း ကောင်းကောင်း မလျှောက်နိုင်သလို မခက်ခက်အောင် သည်လည်း အာရုံကြော အား နည်းရောဂါဖြင့် ခန္ဓာကိုယ် အောက်ပိုင်း ချိနဲ့နေခြင်း ဖြစ်သည်။
.
မခက်ခက်အောင် ၏သားဖြစ်သူ ကိုမြတ်သူမှာ မိခင် အား ဆေးခန်းပြရာတွက် အဖော်အဖြစ် လိုက်ပါစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။