ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီတပ် လက်ချက်ကြောင့် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၈၁ ဦး သေဆုံးခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီတပ် လက်ချက်ကြောင့် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၈၁ ဦး သေဆုံးခဲ့

.

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီတပ် လက်ချက် ကြောင့် အသက်မပြည့်သေးသည့် ကလေးငယ် ၃ ဦး အပါအဝင် အရပ်သားပြည်သူ ၈၁ ဦး သေဆုံးခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
.

.
ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ လက်လှမ်းမီသမျှ စုဆောင်းထားသော စာရင်းများအရ စစ်ကောင်စီတပ်၏ ပစ်ခတ်၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် သေဆုံးသူစာရင်းများကို ထုတ်ပြန်ထားခြင်းဖြစ်ပြီး သောင်းနှင့်ချီသည့် ပြည်သူများမှာ စစ်ကြောင်းထိုးလာချိန်များ၌ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။
.
ကန့်ဘလူခရိုင်အတွင်းရှိ ကျွန်းလှမြို့နယ်မှ ပြည်သူ ၁၉ ဦးနှင့် ကန့်ဘလူမြို့နယ်မှ ၆၂ ဦး သေဆုံးခဲ့ခြင်းဖြစ်ကာ သေဆုံးမှုများတွင် လက်နက်ကြီးကျည် ထိမှန်၍ သေဆုံးခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီး သွားပြီးနောက် သတ်ဖြတ်ခံရခြင်းများ ပါဝင်သည်ဟု သိရသည်။
.
အသက်မပြည့်သေးသည့် သေဆုံး ကလေးငယ် ၃ ဦးမှာ မိဿလင်ကုန်းကျေးရွာနေ အသက် ၅ နှစ်အရွယ် မောင်အောင်မြင့်မြတ်၊ ဇီးကနားကျေးရွာနေ အသက် ၁၃ နှစ်အရွယ် မောင်ပိုင်ဆက်ထူးနှင့် လျှော်ဖြူကုန်းကျေးရွာနေ အသက် ၁၇ နှစ်အရွယ် မောင်ဝင်းဝင်းသူတို့ဖြစ်ကြောင်း သိရသည်။
.
ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီး တပ်ဖွဲ့ဝင် များမှ ဒေသခံပြည်သူများ၏ နေအိမ်များအား ပစ်ခတ်ဝင်ရောက် စီးနင်း မီးရှို့ခြင်း၊ ပြည်သူပိုင် တန်ဖိုးရှိ ပစ္စည်းများအား လုယက်ခြင်း၊ ပြည်သူများအား ဖမ်းဆီး သတ်ဖြတ်ခြင်းများကို ဆက်တိုက်ပြုလုပ်နေလျက်ရှိကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။
.

Journal Download

Photo of three cats