စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၌ ဒီဇင်ဘာလ ၃ ရက်မှ ၁၂ ရက်ထိ တစ်ပတ်ကျော်ကာလအတွင်း ပြည်သူပိုင် နေအိမ် ၁၇၀၀ ကျော် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကို ခံခဲ့ရကြောင်း သိရသည်။
.
မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများမှာ နများ၊ အင်ပင်၊ ညောင်လှ၊ လက်ယက်ကုန်း၊ မူးခတွင်း၊ မူးရိုးကုန်း၊ ဝဲကြီး၊ ကုန်းတဲ၊ မဲအိုး၊ ညောင်ကြီးကုန်း၊ ချောင်းပေါက်၊ ရုံးသာ၊ သပြေသာ၊ ပျော်ဘွယ်၊ ဘန့်ဘွေး၊ ယဉ်၊ ကံကုန်း၊ ကုန်းကြီးနှင့် ပေါက်ရင်း စသည့်ကျေးရွာ ၁၉ ရွာတို့ဖြစ်ပြီး လူနေအိမ်စုစုပေါင်း ၁၇၁၉ လုံး မီးရှို့ဖျက်ဆီးခံရခြင်း ဖြစ်သည်။
.
ထို့အတူ ဒေသခံ ပြည်သူ ၉၀၀၀၀ ကျော်သည်လည်း အိုးမဲ့အိမ်မဲ့ ဖြစ်ကာ လူသားချင်းစာနာမှု အကူအညီများ လိုအပ်လျက် ရှိနေကြောင်း သိရသည်။
.
ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများ အခိုင်အမာအခြေပြု တည်ရှိသော ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် အခြားသောဒေသများတွင် စစ်ကောင်စီသည် အပြစ်မဲ့ပြည်သူများ၏ အသက် အိုးအိမ်များကို လူမဆန်စွာ သတ်ဖြတ်ဖျက်ဆီး ကျူးလွန်ပြီး တော်လှန်ရေးအရှိန် ယုတ်လျော့သွားအောင် ပြုလုပ်လျက် ရှိသည်။