အောင်ပန်း - ကလောသွားလမ်း၊ အင်းပြင်ရွာအဝင်ရှိ ကလောဆိုင်းဘုတ်အောက်၌ ယနေ့ ဒီဇင်ဘာလ ၂၂ ရက်၊ နံနက်တွင် ယာဉ်တိမ်းမှောက်၍ ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
တိမ်းမှောက်သည့် မော်တော်ယာဉ်မှာ ကျောက်ပန်းတောင်းမှ လွိုင်ကော်မြို့သို့ နာရေးကိစ္စ သွားရောက်သည့် Hijet မော်တော်ယာဉ် ဖြစ်ပြီး ကားတိမ်းရှောင်ရင်း မှောက်ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသူ ၁၃ ဦးအနက် ၇ ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် အောင်ပန်း နာရေးကူညီမှုအသင်းက ကလောဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။