တောင်ကြီးတွင် စက်သုံးဆီဈေး ကျဆင်းလာသော်လည်း ဆီကားအဝင်နည်း၍ ဆိုင်အချို့ပိတ်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် စက်သုံးဆီဈေး ကျဆင်းလာသော်လည်း ဆီကားအဝင်နည်း၍ ဆိုင်အချို့ပိတ်ထား

.

မြို့တော် တောင်ကြီးတွင် ယခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်း အနည်းငယ်ကျဆင်းလာသော်လည်း မြို့ပေါ်သို့ ဆီကားအဝင် နည်းပါးသည့်အတွက် စက်သုံးဆီအရောင်းဆိုင်အချို့ ပိတ်ထားရကြောင်း သိရသည်။

.

.

ယင်းကဲ့သို့ စက်သုံးဆီဈေးနှုန်း အနည်းငယ်ကျဆင်းသည့် အချိန်တိုင်း ဆီကားအဝင် နည်းပါးခြင်း၊ ဆီအမျိုးအစား အချို့ ပြတ်လပ်ခြင်းများ ဖြစ်ပေါ်တတ်ပြီး သုံးစွဲသူများ ဝယ်ယူရခက်ခဲခြင်းများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

.

“ဆီဈေး နည်းနည်းကျပြီဆိုရင် 92 ပြတ်သွားတာနဲ့၊ 95 ကုန်သွားတာနဲ့ ခဏခဏဖြစ်တယ်။ ဆီဈေး တက်နေတဲ့အချိန် ဆိုရင် ဆီပြတ်တယ်လို့ တစ်ခါမှ မဖြစ်ဘူး။ သုံးတဲ့လူတွေ အခက်အခဲဖြစ်အောင် လုပ်ငန်းရှင်တွေပေါင်းပြီး တမင် သက်သက် လုပ်နေသလားတောင် ထင်ရတယ်” ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက ပြောသည်။

.

လက်ရှိတွင် စက်သုံးဆီ လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချသည့် ဆိုင်ကြီးများ၌ 92 စက်သုံးဆီ တစ်လီတာလျှင် ၂၀၀၀ ကျပ်အောက်နှုန်းဖြင့် ရောင်းချပေးနေပြီး လက်လီစိတ် ရောင်းချသည့်ဆိုင်ငယ်များတွင် ဈေးနှုန်းအနည်းငယ် ကွာဟ၍ ရောင်းချပေးနေကြောင်းသိရသည်။

.

ယနေ့ ဒီဇင်ဘာလ ၉ ရက် နေ့လယ်ပိုင်းတွင် တောင်ကြီးမြို့လယ်  BOC စက်သုံးဆီ အရောင်းဆိုင်၌ 92 တစ်လီတာ လျှင် ၁၉၁၀ ကျပ်၊ 95 တစ်လီတာလျှင် ၂၀၀၅ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ၂၂၀၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၂၈၅ ကျပ်နှင့် 97 တစ်လီတာလျှင် ၂၁၀၅ ကျပ်နှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

.

Journal Download

Photo of three cats