စစ်ကိုင်း-မြင်းမူလမ်းပိုင်းတွင် စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းကို မိုးညိုတော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကိုင်း-မြင်းမူလမ်းပိုင်းတွင် စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းကို မိုးညိုတော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်

.

စစ်ကိုင်း-မြင်းမူလမ်းပိုင်းတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်၊ ညနေပိုင်းက ညောင်ပင်ဝန်းရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်းကို မိုးညိုတော်လှန်ရေးတပ်ဖွဲ့ (Moe Nyo Revolution Force M.N.R.F) နှင့် ပူးပေါင်းတပ်များက ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.

.

အင်အား ၃၀ ပါ စစ်ကောင်စီတပ် စစ်ကြောင်းမှာ မြင်းမူမြို့နယ်၊ နပဲကြူးဇရပ်အနီး အရောက်တွင် တော်လှန်ရေးတပ်များက ပဒေသာမိုင်း ၁၀ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ပြန်လည် ပစ်ခတ်မှုများ ရှိသည့်အတွက် ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း Moe Nyo Revolution Force က သတင်း ထုတ်ပြန်ထားသည်။

.

အဆိုပါ စစ်ဆင်ရေးကို Moe Nyo Revolution Force M.N.R.F နှင့် PENTAGRAM ငါးထောင့်ကြယ် ညီနောင် ၂ ဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats