အမှတ် (၁၀၀၈) တပ်ရင်း ရှမ်းတောင် တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို နှစ်နေရာခွဲ၍ ကျင်းပခဲ့ကြောင်း သိရသည်။
.
လက်ရှိ တိုက်ပွဲ အခြေအနေများကြောင့် ရှေ့တန်းနှင့် နောက်တန်း နှစ်နေရာခွဲ ကျင်းပခြင်း ဖြစ်ပြီး နောက်တန်းစခန်း၌ ပြုလုပ်သည့် အလေးပြုအခမ်းအနားရုပ်သံကို ၁၀၀၈ တပ်ရင်း က ယနေ့ ဒီဇင်ဘာလ ၈ ရက်တွင် ထုတ်ပြန်ထားသည်။
.
၁၀၀၈ တပ်ရင်းသည် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ (၃)၏ တပ်ရင်းတစ်ခု ဖြစ်ပြီး မူလအဖွဲ့အစည်း ဖြစ်သည့် Southern Shan Revolution Youth (SSRY) ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။