မုဒုံမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မုဒုံမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား

.

မွန်ပြည်နယ်၊ မုဒုံမြို့ရှိ စစ်ကောင်စီ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခုတွင် ယနေ့ ဒီဇင်ဘာလ ၅ ရက်၊ နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

.

မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ ဒီဇင်ဘာလ ၅ ရက်၊ နံနက်၁၀ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်ရုံးစာရေး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း Mudon Imformation သတင်းတွင် ဖော်ပြထားသည်။

.

ထိခိုက်ဒဏ်ရာရရှိသူများအား မုဒုံဆေးရုံနှင့် မော်လမြိုင်ဆေးရုံများသို့ ပို့ဆောင်ထားပြီး မည်သည့်အဖွဲ့က လုပ်ဆောင် သည်ကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးချေ။

.

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ယင်းရပ်ကွက်ရုံး အနီးဝန်းကျင် နေထိုင်သူများကို ခေါ်ယူစစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း အဆိုပါ မုဒုံ မြို့မ (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေးအင်အားစုများက အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။

.

Journal Download

Photo of three cats