တောင်ကြီးမြို့၊ မြို့မဈေးကြီးတောင်ဘက် နာရီစင်ညဈေးအနီးတွင် ရပ်တန့်ထားသည့် ဆိုင်ကယ်တစ်စီး ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
ခိုးယူခံရသည့်ဆိုင်ကယ်မှာ
တောင်ကြီးမြို့၊
ကျောင်းကြီးစုရပ်ကွက်အတွင်းမှ
ဆိုင်ကယ်ဖြစ်ပြီး
ယမန်နေ့ ဒီဇင်ဘာလ
၂၃ ရက်၊ ညနေ
၅ နာရီခန့်က နာရီစင်အနီးတွင်
ရပ်တန့်ထားစဥ်
ခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း
သိရသည်။
"ဆိုင်ကယ်က လိုင်စင်နဲ့ပါ။ အလုပ်ကိစ္စနဲ့ ဈေးနားသွားရင်း နာရီစင်နားမှာ ရပ်ထားတုန်း အခိုးခံလိုက်ရတာပါ။ တောင်ကြီးမှာ ဆိုင်ကယ်တွေ ခဏခဏအခိုးခံနေရတော့ ပြန်ရဖို့ သိပ်မလွယ်ဘူးထင်တယ်" ဟု ဆိုင်ကယ်ခိုးယူခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
.
စစ်ကောင်စီ
အာဏာသိမ်းပြီးနောက်ပိုင်း
တောင်ကြီးမြို့ပေါ်တွင်
ခိုးဆိုးလုနှိုက်မှု
များပြားလာနေပြီး
မော်တော်ဆိုင်ကယ်ခိုးယူခံရမှုများ
နေ့စဥ်လို
ဖြစ်ပွားနေကာ
ပျောက်ဆုံးသွားပါက ပြန်လည်ရရှိရန်
အခွင့်အလမ်းနည်းပါးသည့်အတွက်
သတိပြုရန်လိုအပ်နေကြောင်း
ဒေသခံ များက
ပြောဆိုကြသည်။
.
လွန်ခဲ့သည့်ရက်ပိုင်းကလည်း
တောင်ကြီးမြို့ နယ်၊
နားဘောင်ကျေးရွာတွင်
မြေကွက်လိုက်ပြသည့်
အမျိုးသားတစ်ဦးအား ရိုက်နှက်၍
မော် တော်ယာဥ် လုယက်ထွက်ပြေးမှု
ဖြစ်ပွားခဲ့သည်။
.