မင်္ဂလာဒုံစစ်သင်္ချိုင်းရှေ့တွင် လာဘ်ခေါ်ကြောင်ရုပ်ချပြီး လှုံ့ဆော် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မင်္ဂလာဒုံစစ်သင်္ချိုင်းရှေ့တွင် လာဘ်ခေါ်ကြောင်ရုပ်ချပြီး လှုံ့ဆော်

.

စစ်ကောင်စီတပ်၏ ရာထူးကြီးပိုင်း ခေါင်းဆောင်များ မြှုပ်နှံလေ့ရှိသည့် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံစစ်သင်္ချိုင်းရှေ့တွင် ယနေ့ ဒီဇင်ဘာလ ၄ ရက်၊ နံနက်ပိုင်းက လာဘ်ခေါ်ကြောင်ရုပ် ချထားပြီး လှုံ့ဆော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ လှုပ်ရှားမှုကို Yangon Revolution Force-YRF Soft Strike Community ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ယင်း စစ်သင်္ချိုင်းသို့ ရောက်ရှိရန် ကျန်ရှိနေသေးသည့် အကြမ်းဖက်စစ်တပ်၏ ခေါင်းဆောင်များအား ပြည်သူ လူထုအပေါ် ဖိနှိပ်ချုပ်ချယ်မှုများ ရပ်တန့်ကာ သင်္ချိုင်းသို့ မြန်မြန်ရောက်ရှိပြီး ဘဝနိဂုံးချုပ်စေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း YRF က ဖော်ပြထားသည်။

.

ပြီးခဲ့သည့် လပိုင်းအတွင်းက မြို့ပြပြောက်ကျားရဲဘော်များ၏ ရှင်းလင်းခြင်း ခံခဲ့ရသည့် ဗိုလ်မှူးကြီးအုန်းသွင်၏ ရုပ်အလောင်းကိုလည်း ယင်းသင်္ချိုင်းတွင် မြုပ်နှံထား​ကြောင်း သိရသည်။

.

စစ်ခေါင်းဆောင်များ အလျှင်အမြန် အနားယူခွင့်ရစေရန်နှင့် ၎င်းတို့ နားခိုရာသင်္ချိုင်းအား စည်ကားစေလိုသော စေတနာဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း YRF က ဆိုသည်။

.

[ Photo YRF ]

.

Journal Download

Photo of three cats