ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားပြုအဖြစ် ဆက်လက်ထားရှိရေး ကုလအထွေထွေညီလာခံက အတည်ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားပြုအဖြစ် ဆက်လက်ထားရှိရေး ကုလအထွေထွေညီလာခံက အတည်ပြု

ဦးကျော်မိုးထွန်း အား မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဆက်လက်ထားရှိရေးကို ကုလအထွေထွေညီလာခံက ကန့်ကွက်သူ မရှိဘဲ အတည်ပြုခဲ့ကြောင်း သိရသည်။

.

မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တစ်နှစ် ဆက်လက်ထားရှိရန် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ Credential ကော်မတီက ဆုံးဖြတ်ခဲ့ပြီးနောက် အထွေထွေညီလာခံသို့ တင်ရာတွင် ကန့်ကွက်နိုင်ငံ မရှိဘဲ အတည်ပြုခဲ့ခြင်း ဖြစ်သည်။



"မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ရဲ့ status quo ဆက်လက် ထားရှိရေး Credential Committee က တင်သွင်းတဲ့ အစီရင်ခံစာကို ကုလအထွေထွေညီလာခံကနေ ဒီနေ့ ကန့်ကွက်သူ မရှိ လက်ခံလိုက်ပါတယ်။" ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ၎င်း၏ လူမှုကွန်ရက်၌ ယနေ့ ဒီဇင်ဘာလ ၁၇ ရက်တွင် ဖော်ပြထားသည်။

.

ဦကျော်မိုးထွန်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက် UN အစည်းအဝေးတွင် လက်သုံးချောင်းထောင်ကာ ကန့်ကွက်ခဲ့ပြီးနောက် ၎င်း၏ နေရာကို အစားထိုးရန် စစ်ကောင်စီက အကြိမ်ကြိမ် ကြိုးစားနေသော်လည်း လက်ရှိအချိန်အထိ ကိုယ်စားပြုခွင့် မရသေးပေ။

Journal Download

Photo of three cats