.
ကလောမြို့နယ်၊ အောင်ပန်းမြို့တွင်
ယမန်နေ့ အောက်တိုဘာလ ၇ ရက်၊ တစ်ညအတွင်း ဆိုင်ကယ်မတော်တဆမှု ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.အောင်ပန်းမြို့၊ အောင်ပန်း-ပင်းတယကားလမ်း၊
လှည်းရိုးရပ်ကွက်၊ ရွှေဘိုသူ စက်သုံးဆီအရောင်းဆိုင် အနီးတွင် ယမန်နေ့ ဒီဇင်ဘာလ ၇ ရက်၊
ည ၇ နာရီခွဲခန့်က ကားနှင့်ဆိုင်ကယ် တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်ပေါ်ပါ အမျိုးသား
တစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နာရေးကူညီမှုအသင်း
(အောင်ပန်း) မှ အောင်ပန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုမှ
အရိုးကျိုးဒဏ်ရာ ရရှိသူ အမျိုးသားအား အောင်ပန်းဆေးရုံမှ ကလောဆေးရုံသို့ ဆက်လက် ပို့ဆောင်ပေးခဲ့ရကြောင်း
သိရသည်။
.
အလားတူ ယင်းအချိန်တွင်ပင်
အောင်ပန်း-ရေချိုသွားလမ်း၊ ရေချိုကျေးရွာအဝင် ရေတွင်းအနီးတွင် ဆိုင်ကယ် မတော်တဆမှု
ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက်နေ ကိုမျိုးမင်းနှင့်
ကိုသောကြာ တို့အား အောင်ပန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
.
ထို့အပြင် ယင်းနေ့ညပိုင်းက
အောင်ပန်းမြို့၊ အင်းခေါင်းဆည်သွားလမ်း၌ ဆိုင်ကယ်ပေါ်မှ ပြုကျပြီး ထိခိုက်ဒဏ်ရာ ရရှိသူ
အမျိုးသမီးတစ်ဦးအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း
သိရသည်။
.
[ Photo - နာရေးကူညီမှုအသင်း
(အောင်ပန်း) ]
.