.
တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ
နေအိမ်လိုင်းခန်းငှား အခန်းတစ်ခုအတွင်း ယနေ့ ဒီဇင်ဘာလ ၄ ရက်၊ ညနေပိုင်းက အမျိုးသမီးငယ်တစ်ဦးအား
သေဆုံးလျက် တွေ့ရှိခဲ့ရကြောင်း သိရသည်။
.
.သေဆုံးသူသည် မိုင်းယောင်းမြို့နယ်နေ
အသက် ၁၇ နှစ်အရွယ် နန်းအွန်ပင်း ဆိုသူဖြစ်ပြီး အခြား အချက်အလက် များကို မသိရှိရသေးချေ။
.
အဆိုပါ သေဆုံးသူ အမျိုးသမီး၏
ရုပ်အလောင်းအား ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်းမှ တာချီလိတ် ပြည်သူ့ဆေးရုံသို့
ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
[ ဓါတ်ပုံ -
ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်း ]
.