.
နောင်ချိုမြို့နယ်၊
မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယနေ့ ဒီဇင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းက
တွဲကားနှင့် ဒိုင်နာကုန်တင်ယာဉ် မျက်နှာချင်းဆိုင် တိုက်မိပြီး ယာဉ်မောင်းအမျိုးသားတစ်ဦး
ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
.ယနေ့ ဒီဇင်ဘာလ ၁၀ ရက်၊
နံနက် ၅ နာရီ ၂၀ မိနစ်ခန့်က မန္တလေးဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာသော ဒိုင်နာ
အမျိုးအစား အဖြူရောင်ယာဉ်သည် မိုင်တိုင်အမှတ် (၇၇/၃) နှင့် (၇၇/၄) အကြား အရောက်တွင်
လားရှိုးဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော တွဲကားယာဉ်နှင့် မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုကြောင့်
ဒိုင်နာယာဉ်မောင်းမှာ ကားခေါင်းခန်းအတွင်း ညှပ်မိခဲ့ပြီး နောင်ချိုမြို့နယ် မီးသတ်တပ်ဖွဲ့
နှင့် လူမှုကူညီရေးအသင်းများမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကာ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်း
ယာဉ်ဖြင့် နောင်ချိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
[ Photo – MFSD ]
.