ဒီးမော့ဆိုမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒီးမော့ဆိုမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရ


ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ ဒီဇင်ဘာလ ၁၃ ရက်က ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၉)နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြိုနယ် စံပြ (၆) မိုင်နှင့် ဘက်သလိန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးခဲ့သဖြင့် KNDF တပ်ရင်း(၉) နှင့် ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာ ရမှု ၃၀ ဦးခန့် ရှိခဲ့သည်ဟု KNDF က ဆိုသည်။

.




စစ်ကောင်စီတပ်များသည် ဘက်သလိန်ကျေးရွာနှင့် ဝမ့်လထွားကျေးရွာတို့အတွင်း အကြမ်းဖက်စစ်ဆင်ရေးများ ပြုလုပ်၍ မီးရှို့ဖျက်စီးခဲ့သည့်အပြင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်း‌ကြောင့် ဒေါစဲကျေးရွာအတွင်း လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သားပြည်သူ ၁ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

.

ထို့အတူ ဒီဇင်ဘာလ ၁၄ ရက်တွင် ဘက်သလိန်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် တဖက်သတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

.



စစ်ကောင်စီတပ်များက ဘက်သလိန်နှင့် ဝမ့်လထွားကျေးရွာများတွင် ခြေကုပ်ယူ တပ်ဆွဲလျက်ရှိသဖြင့် KNDF တပ်ရင်း(၉) နှင့် မကြာခဏ ထိတွေ့တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သည်ဟုလည်း KNDF က အသိပေးထားသည်။

Journal Download

Photo of three cats