စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ပြည်သူများ မိုး မလင်းခင် ထွက်ပြေးရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ပြည်သူများ မိုး မလင်းခင် ထွက်ပြေးရ


အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့ ဒီဇင်ဘာလ ၂၁ ရက်၊ နံနက် အစောပိုင်းတွင် စစ်ကြောင်းထိုးလာ၍ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ပြည်သူများ မိုး မလင်းခင် ထွက်ပြေးခဲ့ရကြောင်း သိရသည်။

.

မုံရွာမြို့ရှိ စစ်ကောင်စီတပ်က ကြေးနီထုတ်လုပ်နေသည့် မြန်မာဝမ်ပေါင်ကုမ္ပဏီဘက်သို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး၍ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု သိရသည်။

.





ယင်းကဲ့သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်းရှိ အောင်မိုး၊ မြပင်စီ၊ အုံတုံပင်၊ မြရွှေစည်၊ ဘိန်းနွယ်ချောင်၊ ဂုဏ်တော၊ ဒုန်းတော၊ ကံကုန်း ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။

Journal Download

Photo of three cats