.
တောင်ကြီးမြို့တွင်း
ပြေးဆွဲပေးနေသည့် အငှားတက္ကစီယာဉ်မောင်းများအနေဖြင့် ခရီးသည်ရရှိမှု နည်းပါးနေသည့်
အတွက် နေ့စဉ် အုံနာကြေးပေးနိုင်ရန်ပင် ခက်ခဲလာနေကြောင်း သိရသည်။
.
.တောင်ကြီးမြို့တွင်း/မြို့ပြင်
ခရီးသည်ရရှိမှု နည်းပါးနေသည့်အပြင် စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုကလည်း အငှားယာဉ်မောင်းများအတွက်
ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေကြောင်း အငှားယာဉ်မောင်းများက ပြောဆို ကြသည်။
.
“အရင်က မြို့တွင်းကားအဆွဲပါးရင်တောင်
တစ်ပတ်တစ်ခါလောက် ဘုရားဖူးခရီးလို ခေါက်တိုလေးတွေ ရတတ်တော့ နည်းနည်း အဆင်ပြေခဲ့တာပေါ့။
အခုကြတော့ မြို့တွင်းလည်းအဆွဲပါး၊ ခေါက်တိုလည်း မရတဲ့အပြင် ဆီဈေးကလည်း ကြီးတော့ အုံနာခတောင်
ပေးပို့ခက်လာတယ်” ဟု တက္ကစီအငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ ခရီးသည်ရရှိမှု
နည်းပါးသဖြင့် အုံနာကြေးပေးပြီး ပြေးဆွဲနေသည့် အငှားတက္ကစီယာဉ်မောင်းများအပြင် ကိုယ်ပိုင်ယာဉ်ဖြင့်
ပြေးဆွဲနေသည့် တက္ကစီယာဉ်မောင်းများလည်း အခက်အခဲဖြစ်ပေါ်နေပြီး အချို့ရက်များတွင် ဈေးဦးမပေါက်သည်အထိ
ကားဆွဲ ပါးနေခြင်းဖြစ်ကြောင်း သိရသည်။
.
“စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း
ခရီးသွားလုပ်ငန်းက မရှိသလောက်ကို ဖြစ်သွားတာပေါ့။ လမ်းခရီးမှာ စစ်ဆေးတာတွေ၊ ရစ်တာတွေများတော့
ဘယ်ခရီးသွားမှ မလာချင်ကြတော့ဘူး ဖြစ်နေတာ။ တောင်ကြီးမြို့က ခရီးသွားလုပ်ငန်းကို အမှီပြုထားတာဆိုတော့
အားလုံးအခက်အခဲတွေ ဖြစ်ကုန်တာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၏
အဓိက ခရီးသွားဒေသများဖြစ်သည့် ထမ့်စမ်း၊ ကက္ကူ၊ အင်းလေး စသည့် ဒေသများ တွင်လည်း ခရီးသွားဧည့်သည်
ဝင်ရောက်မှု မရှိသလောက် နည်းပါးနေသည့်အတွက် ခရီးသွားလုပ်ငန်းအား မှီခို နေရသည့် ပြည်သူများ
အခက်အခဲကြုံနေရကြောင်း သိရသည်။
.
[ ဓါတ်ပုံ -
တောင်ကြီးမြို့မဈေးတောင်ဘက်၊ နာရီစင်ညဈေးလမ်းထိပ်ရှိ တက္ကစီဂိတ်တစ်ခုအား တွေ့ရစဉ် ]
.