.
တောင်ကြီးမြို့၊
ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၈) တွင်ယနေ့ဒီဇင်ဘာလ ၃ ရက်၊ နံနက်အစောပိုင်းက အိမ်စီး
မော်တော်ယာဉ်တစ်စီး ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ခိုးယူခံရသည့် မော်တော်ယာဉ်မှာ
Toyota Soluna Vios အမျိုးအစား
ခဲရောင် အိမ်စီးယာဉ်ဖြစ်ပြီး နေအိမ်အနီးတွင် ရပ်တန့်ထားစဉ် နံနက် ၃ နာရီခန့်က ခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း
သိရသည်။
.
“ကားက အိမ်ရှေ့မှာ
ရပ်ထားတာပါ။ ဒီမနက် ၃ နာရီခွဲလောက်မှာ အခိုးခံလိုက်ရတာပါ” ဟု မော်တော်ယာဉ် ခိုးယူခံရသူနှင့်
နီးစပ်သူတစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့တွင်
မော်တော်ဆိုင်ကယ် ခိုးယူမှု၊ လက်ကိုင်ဖုန်း ခိုးယူမှု၊ လုယက်ထွက်ပြေးမှုများ မကြာခဏ
ဖြစ်ပွားနေပြီး လူခြေအလစ်အငိုက်ကို စောင့်ဆိုင်း၍ မော်တော်ကားခိုးယူမှုများလည်း ဖြစ်ပွားနေကြောင်း
သိရသည်။
.
ခိုးမှု၊ လုယက်မှု
ကျူးလွန်သူများသည် ရပ်ကွက်များအတွင်း လှည့်လည်သွားလာနေပြီး ပိုင်ရှင်များ၏ အလစ်အငိုက်နှင့်
လူခြေတိတ်သည့် ညပိုင်းအချိန်များတွင် ခိုးမှုများ ကျူးလွန်နေသည့်အတွက် သတိပြုရန် လိုအပ်နေကြောင်း
ဒေသခံ များက ပြောဆိုကြသည်။
.