အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်သင်ကြားပေးမည်မှာ မှန်ကန်မှု မရှိကြောင်း ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်သင်ကြားပေးမည်မှာ မှန်ကန်မှု မရှိကြောင်း ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ထုတ်ပြန်

" နွေရာသီ အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်သင်ကြားပေးမည်၊ တစ်ယောက်ကို သင်တန်းကြေး ဘယ်လောက် ပေးရမည်" ဆိုသည့် သတင်းများသည် လုံးဝ မှန်ကန်မှု မရှိကြောင်း ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်က ဒီဇင်ဘာလ ၂၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

.


ယင်းကဲ့သို့ ကိုယ်ကျိုးကို အမြတ်ထုတ်ရန် ကြံစည်၍ မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေ၍ ငွေများ လိုက်လံကောက်ခံနေခြင်းသည် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်နှင့် သက်ဆိုင်မှု မရှိဘဲ မသမာသူတချို့၏ လုပ်ကြံမှုသာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တွင် ၂၀၁၈ ခုနှစ်မှ စ၍ ဗုဒ္ဓ၏ အဆုံးအမများကို ပါရဂူဘွဲ့(Ph.D)၊ မဟာဝိဇ္ဇာဒဿနဘွဲ့ (M.Phil) နှင့် မဟာဝိဇ္ဇာဘွဲ့ (M.A)တို့ကို သင်ကြားပေးနေပြီး ၂၀၂၀ ခုနှစ်တွင် ဘွဲ့လွန်ဒီပလိုမာ (Postgraduate Diploma) ပါဠိနှင့် ဗုဒ္ဓစာပေလေ့လာခြင်းနှင့် ဝိဇ္ဇာဘွဲ့ (B.A) ရှမ်းဗုဒ္ဓဘာသာ၊ ပုရပိုက်စာပေလေ့လာခြင်းတို့ကို လည်းကောင်း၊ ၂၀၂၂ ခုနှစ်တွင် စာကြည့်တိုက်ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ (Postgraduate Diploma in Library information and Management) အတန်းကို လည်းကောင်း အခမဲ့ တိုးချဲ့သင်ကြားပေးနေကြောင်း သိရသည်။

Journal Download

Photo of three cats