ဒီပဲယင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်၍ ဒေသခံပြည်သူများ ထွက်ပြေးနေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒီပဲယင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်၍ ဒေသခံပြည်သူများ ထွက်ပြေးနေရ




အာဏာသိမ်း စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

.

အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်သည် ယနေ့ ဒီဇင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းတွင် မော်တော်ယာဥ် ၂ စီးဖြင့် ကုက္ကိုစု၊ ရွာသာလေးကျေးရွာဘက် ထွက်လာပြီး‌နောက် ဒီပဲယင်းအရှေ့ခြမ်းရှိ ကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

.




ယင်းကဲ့သို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ဒီပဲယင်းအရှေ့ခြမ်း ညောင်လှကျေးရွာတွင်းသို့ လက်နက်ကြီး ၇ ချက်ခန့် ကျရောက်ခဲ့ပြီး အသက် ၄၀ အရွယ် ဒေသခံအမျိုးသမီး တစ်ဦး၏ ခြေထောက်အား ထိမှန်က ဒဏ်ရာ ရရှိခဲ့သည့်အပြင် ဒေသခံ‌ပြည်သူ အများအပြားလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

.

ညောင်လှကျေးရွာရှိ ဒေသခံပြည်သူများ၏ နေအိမ် ၂၀၀ ခန့်သည် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသည်။

Journal Download

Photo of three cats