စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ စက်တောကုန်းရွာကို အင်အား ၁၀၀ ကျော်ခန့်ရှိ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၀ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့သဖြင့် ပြည်သူပိုင် နေအိမ် ၄၁ လုံးနှင့် စပါးကျီ ၃၀ မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။
.
လက်ရှိတွင် စစ်ကောင်စီတပ်များသည် နတ်မဟုတ်ကြီးရွာတွင် ရောက်ရှိနေပြီး ဖားပန်နှင့် ပင်ဝယ်ကြား တောထဲတွင်လည်း နန့်စီးအောင်ဘက်မှ ဆင်းလာသည့် အင်အား ၁၀၀ ကျော်ခန့် ရောက်ရှိနေကြောင်းလည်း သိရသည်။
.
အင်းတော်မြို့နယ်တွင် ဒီဇင်ဘာလ ၁၆ ရက်မှ ၂၀ ရက်အထိ စစ်ကောင်စီတပ်များ၏ မီးရှို့မှုကြောင့် ကျေးရွာ ၆ ရွာမှ နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။