တောင်ကြီးမြို့ပေါ်ရှိ လက်ကျန်ကားဂိတ်အချို့ကို စစ်ကောင်စီ အတင်းအကျပ် ပြောင်း‌ခိုင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ်ရှိ လက်ကျန်ကားဂိတ်အချို့ကို စစ်ကောင်စီ အတင်းအကျပ် ပြောင်း‌ခိုင်း

တောင်ကြီးမြို့ပေါ်ရှိ သက်ဆိုင်ရာ ကားဝင်းများသို့ ပြောင်းရွေ့ရန် ကျန်ရှိနေသေးသည့် ကားဂိတ်အချို့အား ယခုရက်ပိုင်းအတွင်း အပြီးသတ် ပြောင်းရွေ့ရန် စစ်ကောင်စီ လက်အောက်ခံဌာနများက အတင်းအကျပ် ဖိအားပေးနေကြောင်း သိရသည်။

.

မြို့ပေါ် ကားဂိတ်များအား အေးသာယာကားဝင်းနှင့်တောင်ကြီး - ဟိုပုံးသွား ပြည်ထောင်စုလမ်းမဘေး ရှိ TBC ကားဝင်းများသို့ ပြောင်းရွေ့ခိုင်းထားခြင်း ဖြစ်ကြောင်း သိရသည်။

.


" ဒီ ရက်ပိုင်းမှာ အတင်း လာပြီး ပြောင်းခိုင်းတာပါ။ ကုန်ပစ္စည်း လက်ခံလို့တောင် မရတော့ပါဘူး။အခန်း ဖွင့်ထားပြီး ကားဂိတ်နဲ့ ပတ်သက်တာတွေ လုပ်တာတွေ့ရင် ဖမ်းမယ်လို့ ပြောတယ်။ " ဟု ဂိတ်ပိုင်ရှင် တစ်ဦးက ပြောသည်။

.

ယင်းကဲ့သို့ ဂိတ်များ ပြောင်းရွှေ့ခိုင်းလိုက်သည့်အတွက် ဂိတ်ခန်း ဝယ်ယူရန် ငွေကြေး မတတ်နိုင်သည့် ကားဂိတ်ငယ်များမှာ ပိတ်သိမ်းလိုက်ရကြောင်းလည်း သိရသည်။

.

" အရင် ရက်တွေက ပစ္စည်းပို့ဖို့ သွားတော့ ဂိတ်တချို့ ရှိနေသေးတယ်။ ဒီနေ့ပစ္စည်းပို့ဖို့ သွားတော့ဘာဂိတ်မှ မရှိတော့ဘူး။ အကုန်လုံး ပြောင်းသွားကြပြီလို့ ပြောတယ်။ တချို့ကြ ဂိတ်ပိတ်သွားတယ်တဲ့။ ခရီးသွားတွေအပြင် ကုန်ပစ္စည်းပို့တဲ့ လူတွေလည်း အကုန် ဒုက္ခ ရောက်ကုန်တာပေါ့။" ဟု ဒေသခံ တစ်ဦးက ပြောသည်။

.

စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ပြောင်းရွှေ့လိုက်ရသည့် ကားဂိတ်အများစုသည် ခရီးသည် ရရှိမှုနည်းပါးသည့်အတွက် ကုန်ပစ္စည်း လက်ခံ ပို့ဆောင်ခြင်းကိုသာ အဓိက လုပ်ကိုင်နေကြရခြင်း ဖြစ်သည်။

Journal Download

Photo of three cats