.
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊
ကော့မူယာကျေးရွာ၊ ဘားအံ-မော်လမြိုင် အဖြောင့်လမ်းတွင် ယနေ့ ဒီဇင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းက
မော်တော်ယာဉ်တစ်စီး အရှိန်လွန်ထိုးးကျပြီး ယာဉ်မောင်းအမျိုးသား သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.
ဘားအံ-မော်လမြိုင်
အဖြောင့်လမ်း၊ ထုံးအိုင်လမ်းခွဲအကျော်တွင် မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးရေမြောင်းအတွင်း
ထိုးကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်မတော်တဆမှုမှ
သေဆုံးသူအမျိုးသား ရုပ်အလောင်းအား မေတ္တာစေတနာ လူမှုကူညီရေးအသင်း (ကော့ကျိုက်)
နှင့် မာဃ လူမှုကူညီရေးအသင်း (ဘားအံ) တို့ပူးပေါင်းဆယ်ယူပြီး
ဘားအံပြည့်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
[ Photo - Marga
Ambulance & Rescue Service ]
.