တောင်ကြီးရှိ မီးပွိုင့်များ အချက်ပြမီး မလင်းသည့်အတွက် ယာဥ်အန္တရာယ် စိုးရိမ်နေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးရှိ မီးပွိုင့်များ အချက်ပြမီး မလင်းသည့်အတွက် ယာဥ်အန္တရာယ် စိုးရိမ်နေရ


တောင်ကြီးမြို့ပေါ်ရှိ မီးပွိုင့်များ၌ အချက်ပြမီး မလင်းသည့်အတွက် ကျောင်းတက်နေသည့် ကလေး ငယ်များ အပါအဝင် လမ်းသွားလမ်းလာ ပြည်သူများ ယာဥ်တိုက်မှုအန္တရာယ် ဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း သိရသည်။

.

ကျောင်းတက်/ကျောင်းဆင်းချိန်များတွင် ကျောင်းသားများ လမ်းဖြတ်ကူးချိန်တိုင်း ဖြတ်သန်းမောင်းနှင်နေသည့် ယာဉ်များကြားမှ သွားလာနေကြရပြီး စည်းကမ်းပျက် ယာဥ်မောင်းနှင်မှု အချို့ကြောင့် ယာဥ်တိုက်မှု ဖြစ်ပွားမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

.



" ကျောင်းတက် ကျောင်းဆင်းချိန်ဆို မီးပွိုင့်တွေ မလင်းတော့ အန္တရာယ် များတယ်။ အနောက်မြို့ပတ် လမ်းပေါ်ဆို တွဲကားကြီးတွေလည်း သွားနေတော့ ယာဥ်တိုက်မှု ဖြစ်မှာ စိုးရိမ်နေရတယ်။ ကိုယ့်ကလေးကို စိတ်မချတော့ သွားပြီး အပို့/ကြို လုပ်နေရတယ်။ မအားတဲ့ မိဘတွေကြတော့ မလုပ်နိုင်ကြဘူး။" ဟု ကျောင်းသား မိဘတစ်ဦးက ပြောသည်။

.

မီးပွိုင့်များကို အများပြည်သူ ယာဥ်အန္တရာယ် ကင်းရှင်းရေးအတွက် အသုံးမပြုသော်လည်း စစ်ကောင်စီယာဥ်တန်းများ သွားလာသည့်အချိန်များတွင်မူ မီးပွိုင့်များကို အချိန်ပိုင်း ဖွင့်၍ အသုံးပြုနေကြောင်းလည်း သိရသည်။

.

" မီးပွိုင့်တွေ မီး မလင်းတာက အမြဲတော့ မဟုတ်ဘူး။ မအလ (အာဏာသိမ်းစစ်ကောင်စီ) အဖွဲ့ ယာဉ်တန်းတွေ သွားချိန်ဆိုရင်တော့ မီးပွိုင့်က မီးလင်းတယ်။ အချိန်ခဏပေါ့။ အများပြည်သူအတွက်တော့ လုံးဝကို မလုပ်တာ။ " ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.



တောင်ကြီးမြို့ပေါ်ရှိ မီးပွိုင့်များကို COVID-19 ကပ်ရောဂါ စတင် ဖြစ်ပွားသည့် အချိန်မှ စ၍ လက်ရှိအချိန်ထိ အသုံးပြုခြင်း မရှိတော့ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats