မန္တလေးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ခြင်းခတ်နေသော စစ်ကောင်စီတပ်သားများ ဗုံးခွဲတိုက်ခိုက်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မန္တလေးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ခြင်းခတ်နေသော စစ်ကောင်စီတပ်သားများ ဗုံးခွဲတိုက်ခိုက်ခံရ

.

မန္တလေးမြို့၊  ချမ်းအေးသာစံမြို့နယ်၊ ၂၆/၃၅ ကြား ဒေးဝန်းအနောက် ထင်းဝင်းရပ်ကွက်ရုံးရှေ့တွင် ခြင်းခတ်နေသည့် စစ်ကောင်စီတပ်သားများကို ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်၊ ညနေပိုင်းက ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း မန္တလေးမြို့ပြ ပြောက်ကြားတပ်ဖွဲ့ (Special Task Force-MDY) က ထုတ်ပြန်ထားသည်။

.



.

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနာတင်ယာဉ် ၂ စီးဖြင့် လာရောက် ခေါ်ဆောင်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

.

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများမှ သေနတ်ဖြင့် အချက် ၂၀ ခန့် ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း STF-MDY အဖွဲ့သားများ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

.

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့် နီးကပ်၍ မနေကြရန်လည်း Special Task Force-Mandalay က မေတ္တာရပ်ခံထားသည်။

.

Journal Download

Photo of three cats